ကျန်းမာပြီး လုံခြုံစိတ်ချရသော သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန် ရပ်ရွာနှင့်ချိတ်ဆက်ကာ ဘိုးဘွားပြုစုစောင့်ရှောက်ရေးကို ဝန်ဆောင်ပေးလျက်ရှိပါသည်။


၂၀၀၀ ပြည့်နှစ် ဘိုးဘွားပြုစုစောင့်ရှောက်ရေး အာမခံစနစ် စတင်ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အလွန်အိုမင်းသော သက်ကြီးလူ့အဖွဲ့အစည်းသည် အရှိန်မြင့် အားကောင်းလာခဲ့သည်။ လူတိုင်းဘေးကင်းလုံခြုံပြီး ကျန်းမာသောဘဝတွင် နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ‌ဖော်ဆောင်နိုင်ရန် Ryobi Healthy Care သည် "နှလုံးသားမှ ပေါက်ဖွားလာသော စိတ်စေတနာ ပြည့်ဝသည့် ဧည့်ဝတ်ပျူငှာခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ရပ်ရွာအခြေပြု သူနာပြုစုစောင့်ရှောက်ခြင်း ဝန်ဆောင်မှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။



Ryobi ရှိ သူနာပြုစောင့်ရှောက်မှု- မဏ္ဍိုင်သုံးရပ်

Ryobi Healthy Care တွင် တစ်ဦးချင်းစီ၏ ပြုစုစောင့်ရှောက်မှုဆိုင်ရာ လိုအပ်မှုအဆင့် (အခြေအနေ) အပေါ် မူတည်၍ အမျိုးမျိုးသော ပရိုဂရမ်များကို ပြင်ဆင်ထားပြီး ကိုယ်ခန္ဓာ၊ ဉာဏ်ရည်ပိုင်းနှင့် စိတ်ကျန်းမာရေးတို့ကို အလုံးစုံ ချိန်ညှိပေးသော ပြုစုစောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကိုယ်ခန္ဓာကျန်းမာရေး


介護予防運動

ကြိုတင်ကာကွယ်ရေး လေ့ကျင့်ခန်း အစီအစဥ်များမှတစ်ဆင့် ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းပေးခြင်း၊ တိုးတက်အောင်လုပ်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဝန်ဆောင်မှုခံယူသူအဘိုးအဘွားများအနေဖြင့် ကျန်းမာသွက်လက်သော နေ့စဥ်လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန်နှင့် အစာအာဟာရကို စိတ်ကျေနပ်မှုအပြည့်ဖြင့် သုံးဆောင်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး လေ့ကျင့်ခန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရ သင်တန်းဆရာများက အမျိုးမျိုးသော အားကစားလေ့ကျင့်ခန်းများနှင့် နေ့စဥ်ဘဝအတွက် လိုအပ်သော ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပြုလုပ်ပေးလျက် ရှိပါသည်။

ဦးနှောက်ကျန်းမာရေး


学習療法

သင်ကြားမှုကုထုံး အစီအစဥ်များမှတစ်ဆင့် အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ချို့ယွင်း) ရောဂါကို ကာကွယ်ရန်နှင့် ရောဂါအဆင့်တက်လာခြင်းကို နှေးကွေးစေရန် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ (အရေး၊ အဖတ်၊ အတွက်) တို့ကို သင်ကြားမှုကုထုံးအထူးကျွမ်းကျင်သူများနှင့်အတူ လက်တွေ့လေ့ကျင့် လုပ်ဆောင်ခြင်းဖြင့် အသက်အရွယ်ကြောင့် အားနည်းလာသော ဦးနှောက်၏ ရှေ့ပိုင်းကို တက်ကြွလာစေပြီး ဦးနှောက်၏လုပ်ဆောင်မှုကို တိုးတက်အောင် ပြုလုပ်ပေးလျက် ရှိပါသည်။

စိတ်ကျန်းမာရေး


ハンドマッサージ

ဆီဖြင့်နှိပ်နယ်ပေးခြင်း၊ အပူပေးကျောက်ဖျာကုထုံး၊ ခြေထောက်ရေနွေးစိမ်ခြင်းနှင့် အပင်များနှင့် ထိတွေ့စေခြင်းစသည့် ကုထုံးများဖြင့် စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြေလျှော့ပေးပြီး စိတ်ကျန်းမာရေးအတွက် စိတ်တည်ငြိမ်အေးချမ်းမှုရအောင် ဆောင်ရွက်ပေးလျက် ရှိပါသည်။


Ryobi Care Plan Center Minamigata

RYOBI HEALTHY CARE

両備グループ
両備ホールディングス