အိမ်တွင်းအခြေစိုက် ဝန်ဆောင်မှု



ကာလတိုနေထိုင်မှု သူနာပြု စောင့်ရှောက်ခြင်းဝန်ဆောင်မှု

ကာလတိုနေထိုင်မှု သူနာပြု စောင့်ရှောက်ခြင်းဝန်ဆောင်မှု


အိမ်တွင်စောင့်ရှောက်သူ မိသားစုဝင်များအနေဖြင့် မင်္ဂလာဆောင်၊ နာရေးအခမ်းအနားများ၊ ခရီးသွားခြင်း စသည့် အကြောင်းအရင်းများကြောင့် အိမ်တွင်စောင့်ရှောက်ရန် မလွယ်ကူသောအခါ သို့မဟုတ် နေ့စဉ်စောင့်ရှောက်ပေးနေရခြင်းမှ ပင်ပန်း၍ အနားယူလိုသောအခါတွင် ယာယီအနေဖြင့် အသုံးပြုနိုင်သော ပြုစုစောင့်ရှောက်ခြင်း ဝန်ဆောင်မှုဖြစ်ပါသည်။ ထို့အပြင် အစောင့်အရှောက်ခံ အဘိုးအဘွားများအနေဖြင့်လည်း စိတ်အပြောင်းအလဲအဖြစ် နေလိုသောအခါ သို့မဟုတ် ဆေးရုံမှဆင်းလာပြီးနောက် အိမ်တွင်ပြန်လည်နေထိုင်ရန်စိတ်အဆင်သင့် မဖြစ်သေးသောအခါတွင်လည်း အသုံးပြုနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။
နေထိုင်နေစဉ်အတွင်း မိသားစုကိုယ်စား အစားအသောက်၊ ရေချိုးခြင်း စသည့် နေ့စဥ်ဘဝနေထိုင်မှုအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးပါသည်။ ထို့အပြင် ကိုယ်ခန္ဓာစွမ်းဆောင်နိုင်စွမ်း ထိန်းသိမ်းရေးနှင့် တိုးတက်စေရေးတို့အတွက် လေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းတို့ဖြတ်သန်းလာခဲ့သည့် နေ့စဥ်ဘဝနေထိုင်မှုအတိုင်း သက်သောင့်သက်သာရှိပြီး စိတ်ချလက်ချ နေထိုင်နိုင်ရေးအတွက် ကျွန်ုပ်တို့က ဆက်လက်ထောက်ပံ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။


居室イメージ

特別室イメージ




နေ့ဝန်ဆောင်မှု

နေ့ဝန်ဆောင်မှု


နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက်‌ သွားကြိုပေးခြင်း၊ စောင့်ရှောက်ရေးဂေဟာတွင် အစာစားခြင်း၊ ရေချိုးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း၊ ဝါသနာပါရာများကို လုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်ခြင်းများကို တစ်နေ့တာလုံး စိတ်ကျေနပ်မှု အပြည့်အဝဖြင့် ဖြတ်သန်းပြီးနောက် ညနေပိုင်းတွင် အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်းတို့ ပြုလုပ်ပေးသည့် နေ့ဝန်ဆောင်မှုလည်း စီစဥ်ထားရှိပါသည်။ သက်ကြီးအဘိုးအဘွားများ အပြန်အလှန် အဆက်အသွယ် ပြုလုပ်နိုင်ရန် ပံ့ပိုးပေးပြီး လူမှုအသိုင်းအဝိုင်းတွင် ပါဝင်လာမှု တိုးတက်လာစေရေးကိုလည်း ကူညီပေးလျက်ရှိပါသည်။ ဤနေ့ဝန်ဆောင်မှုစနစ်သည် အပြင်ထွက်ရန် အခွင့်အလမ်းနည်းပါးသော အစောင့်အရှောက်ခံ အဘိုးအဘွားများ၏ ကိုယ်ရောစိတ်ပါကျန်းမာစေရေး၊ နေ့စဥ်လူနေမှုဘဝတွင် စိုးရိမ်ပူပန်မှု လျှော့ချပေးနိုင်ရေးနှင့် အိမ်တွင် ပြုစုစောင့်ရှောက်ပေးသူမိသားစုဝင်များ၏ ဝန်ထုပ်ဝန်ပိုးသက်သာစေရေးတို့အတွက် ရည်ရွယ်ပါသည်။


イメージ

送迎イメージ




မှတ်ဉာဏ်ချို့ယွင်းမှုအတွက် နေ့ဝန်ဆောင်မှု

မှတ်ဉာဏ်ချို့ယွင်းမှုအတွက် နေ့ဝန်ဆောင်မှု


သင်ကြားမှုကုထုံး၊ တေးဂီတကုထုံး၊ အတိတ်ကို ပြန်လည်သတိရ‌စေမည့်ကုထုံးနှင့် အဆီဖြင့်နှိပ်နယ်ပေးခြင်းစသည့် သဘာဝအခြေပြု ကုထုံးများဖြင့် မှတ်ဉာဏ်ချို့ယွင်းသည့် ရောဂါခံစားနေရသည်ဟု ဆေးလက်မှတ်ရထားသူများနှင့် ထိုရောဂါလက္ခဏာပြနေသူများအတွက် လိုအပ်သည့်ပြုစုစောင့်ရှောက်ခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ နေ့စဥ်လူ‌နေမှုဘဝတွင် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ထည့်သွင်းလုပ်ဆောင်စေခြင်းဖြင့် အသက်ရှင်သန်နေရခြင်း၏ ဘဝအနှစ်သာရကိုလည်း ဆက်လက်ခံစားမိစေရန် ကူညီပံ့ပိုးပေးရင်း မှတ်ဉာဏ်ချို့ယွင်းရောဂါ ပိုမိုဆိုးရွားလာမှုကို နှေးကွေးစေကာ သက်သောင့်သက်သာ ဘဝဖြတ်သန်းနိုင်ရေးအတွက်လည်း ထောက်ပံ့ပေးလျက်ရှိပါသည်။ အပြုံးများဖြင့် လွှမ်းသော ငြိမ်အေးသည့်အနားယူရာနေရာတစ်ခုကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။


イメージ




အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုပေးရေးစင်တာ

အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုပေးရေးစင်တာ


အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုပေးသူများသည် ‌ရေချိုးပေးခြင်း၊ အစားအစာကျွေးပေးခြင်း အစရှိသည့် သူနာပြုစောင့်‌ရှောက်မှုပေးခြင်း၊ အစားအသောက်ဝယ်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အဝတ်လျှော်ပေးခြင်း၊ အစားအသောက်ပြင်ဆင်ပေးခြင်းတို့ကို ပြုစုစောင့်ရှောက်ရေး အစီအစဥ်အတိုင်း ဆောင်ရွက်ပေးပြီး ကိုယ်ပိုင်လွတ်လပ်မှုကိုလည်း ခံစားရစေသည့် ဝန်ဆောင်မှုမျိုးကို ထောက်ပံ့ပေးလျက်ရှိပါသည်။




ပုံမှန်နှင့်လိုအပ်သည့်အခါတိုင်းသွားရောက်ပေးသည့် အိမ်တွင်းပြုစုစောင့်ရှောက်မှုနှင့် သူနာပြုပေးခြင်းဝန်ဆောင်မှု

ပုံမှန်နှင့်လိုအပ်သည့်အခါတိုင်းသွားရောက်ပေးသည့် အိမ်တွင်းပြုစုစောင့်ရှောက်မှုနှင့် သူနာပြုပေးခြင်းဝန်ဆောင်မှု


အိမ်တွင်းပြုစုစောင့်ရှောက်ခံခွင့်လက်မှတ် ရရှိထားသူများအတွက် ပေးသော၀န်ဆောင်မှုဖြစ်ပါသည်။ ပုံမှန်သတ်မှတ်ရက်အတိုင်း သွားရောက်ပေးသော ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှု (ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ နေ့စဥ်လူနေမှုဘဝအတွက် အထောက်အပံ့) တို့အပြင် အစောင့်အရှောက်ခံ အဘိုးအဘွားများထံမှ အရေးပေါ်ခေါ်ဆိုမှုများရှိပါက ၂၄ နာရီ၊ ၃၆၅ ရက်ပတ်လုံး ချက်ချင်းတုံ့ပြန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ နေ့ပိုင်းအချိန်အတွင်းတွင် သူနာပြုဝန်ထမ်းများလည်း ဝန်ဆောင်မှုပေးရေးလုပ်ငန်းခွင်တွင် ရှိကြပြီး ဆရာဝန်ညွှန်ကြားချက်အရ ပြုစုစောင့်ရှောက်မှု ခံယူရန်လိုအပ်သူဖြစ်ပါက အသုံးပြုနိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည်။




အိမ်တွင်းအခြေစိုက် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အထောက်အပံ့

အိမ်တွင်းအခြေစိုက် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အထောက်အပံ့


သူနာပြုစုခြင်းနှင့်ဆိုင်သော အကြံပေးခြင်းများ၊ စောင့်ရှောက်ရေးဝန်ဆောင်မှုပေးသူများ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းမျာ၊း မြို့နယ်ရုံးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ၊ အစောင့်အရှောက်ခံဘိုးဘွားများကိုယ်စား ရေရှည်ပြုစုစောင့်ရှောက်ခံခွင့်လက်မှတ်လျှောက်ထားခြင်းလုပ်ငန်းများကို လုပ်ကိုင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ပြုစုစောင့်ရှောက်မှုအထူးကျွမ်းကျင်သော မန်နေဂျာများက အစောင့်အရှောက်ခံသူ တစ်ဦးချင်းအလိုက် အသင့်တော်ဆုံးသော ဝန်ဆောင်မှု ရရှိစေရေးအတွက် တစ်ဦးချင်းအလိုက် စောင့်ရှောက်ရေးအစီအစဥ်ကိုလည်း အကြံပြုပေးပါသည်။


イメージ