နေထိုင်ရန် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ
သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ
စိတ်အပန်းဖြေနိုင်သောနေရာ
နေထိုင်သူအားလုံးအနေဖြင့် သဘာဝအတိုင်း သက်သောင့်သက်သာ နေထိုင်နိုင်စေရန် အနွေးဓာတ်နှင့် သက်သောင့်သက်သာဖြစ်မှုကို အဓိကထားပြီး ပြုစုစောင့်ရှောက်မှုလိုအပ်သူများအတွက်လည်း အသုံးပြုရ လွယ်ကူအောင် စီမံထားပါသည်။
စားသောက်ဆောင်တွင် နေ့စဉ်အစာကို အေးချမ်းစွာ သုံးဆောင်နိုင်သကဲ့သို့ ရာသီအလိုက် ပွဲအစီအစဉ်များနှင့် ပြုစုစောင့်ရှောက်မှုခံယူသူများနှင့် ရပ်ရွာအတွင်း နေထိုင်သူမျာအကြား ဆက်သွယ်မှုနှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်မှုများ လုပ်ဆောင်နိုင်သော နေရာဌာနအဖြစ်လည်း အသုံးပြုနိုင်ရန် စီစဥ်ပေးထားသည်။
ထို့အပြင် ရေချိုးခန်း၊ ဆံပင်ညှပ်ဆိုင်နှင့် ကာရာအိုကေသီချင်းဆိုခန်းတို့ပါရှိကာ နေ့စဉ်လူမှုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေမည့် အဆောက်အအုံများ ဖြည့်စွက်ပေးထားသည်။
ပျော်ရွှင်စရာ အချိန်
တစ်ဦးချင်းစီအနေဖြင့် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုဖြင့် ပြည့်စုံသော နေ့ရက်များကို ဖြတ်သန်းနိုင်စေရန် တွေ့ဆုံဆွေးနွေးမှု အခန်းကဏ္ဍများနှင့် သင်ယူမှု အခန်းကဏ္ဍများကို ထည့်သွင်းပေးထားပါသည်။
နေထိုင်သူများအကြား၊ အဖွဲ့ဝင်ဝန်ထမ်းများနှင့် ရပ်ရွာအတွင်း နေထိုင်သူများအကြား ဆက်သွယ်မှု၊ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်မှုများကို လုပ်ဆောင်နိုင်ရန်အလို့ငှာ အမျိုးမျိုးသော ပျော်ပွဲရွှင်ပွဲများနှင့် ယဉ်ကျေးမှုပွဲများကို ပြုလုပ်ပေးထားသည်။
စိတ်ချရသော တစ်သက်တာ
အစောင့်အရှောက်ခံ အဘိုးအဘွားများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဆန္ဒကို အလေးထားပြီး ကောင်းမွန်သော ဆက်ဆံရေးဖြင့် အပြုံးမပြတ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အရေးပေါ်အခြေအနေများအတွက်လည်း တစ်နှစ်ပတ်လုံး ၂၄ နာရီမပြတ် ပြုစုစောင့်ရှောက်မှု ပေးနိုင်ရေး စီစဥ်ထားပါသည်။ အစောင့်အရှောက်ခံ အဘိုးအဘွားများအတွက် လိုအပ်သော ပြုစုစောင့်ရှောက်မှုဖြစ်သည့် သူနာပြုစောင့်ရှောက်ခြင်း၊ နေ့စဥ်ဘဝအတွက် အထောက်အပံ့နှင့် အနီးအနားရှိ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဝန်ဆောင်မှုပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အစောင့်အရှောက်ခံ အဘိုးအဘွားများအပြင် မိသားစုဝင်များကိုပါ စိတ်အေးချမ်းမှု ပေးစွမ်းနိုင်ရန် ကြိုးစားလျက်ရှိပါသည်။
အိပ်ခန်း
စိတ်အနှောက်အယှက်မဖြစ်စေဘဲ အပန်းဖြေအနားယူနိုင်သော သီးသန့်အခန်းဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ကိုယ်ပိုင်ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများကိုလည်း လွတ်လပ်စွာ ယူဆောင်လာနိုင်ပါသည်။ မိသားစုများ လာရောက်လည်ပတ်ရာတွင်လည်း ညအိပ်တည်းခိုနိုင်ပါသည်။
* အခန်းတစ်ခန်းချင်းစီ၏ သတ်မှတ်ချက်များနှင့် ပစ္စည်းကိရိယာများသည် Facility ပေါ်မူတည်၍ ကွဲပြားသည်။