両備ヘルシーケア

ကုမ္ပဏီအကြောင်း


ကုမ္ပဏီအမည် Ryobi Healthy Care Co., Ltd.
တည်နေရာ 2-1-10 Marunouchi Kita-ku Okayama မြို့၊ Okayama စီရင်စု၊ စာတိုက်သေတ္တာအမှတ် 700-0823
မူလတည်ထောင်ငွေ ယန်း 100,000,000
ကိုယ်စားလှယ် ကိုယ်စားလှယ် ဒါရိုက်တာ Yoshinori Koyama



သမိုင်း


2000 ခုနှစ် "Sun Oaks Kurashiki" ကို သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်‌ရှောက်‌ရေးဂေဟာကို ဖွင့်လှစ်ခဲ့သည်။
2001 ခုနှစ် အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက်မှုလုပ်ငန်းနှင့် အိမ်တွင်းအခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်းစတင်ခြင်း
2005 ခုနှစ် နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်းနှင့် ကာလတိုနေထိုင်မှု သူနာပြုစောင့်ရှောက်မှုလုပ်ငန်း "Kurashiki Care Center Ryobi Sun Oaks" ကို တည်ထောင်ခဲ့သည်။
2006 ခုနှစ် "Okayama Care Center Ryobi Sun Oaks"အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက်မှုလုပ်ငန်းနှင့် အိမ်တွင်းအခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်းစတင်ခြင်း
2009 ခုနှစ် Ryobi Group အတွင်း သူနာပြုစောင့်ရှောက်မှုလုပ်ငန်းများ ပေါင်းစည်းရန် ရည်ရွယ်၍ Ryobi Healthy Care Co., Ltd. ကိုတည်ထောင်ခဲ့ပါသည်။
2010 ခုနှစ် နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာ "Sun Oaks Okayama"ကို စတင်ဖွင့်လှစ်ခြင်း
နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်းနှင့် ကာလတိုနေထိုင်မှု သူနာပြုစောင့်ရှောက်မှုလုပ်ငန်း "Okayama Care Center Ryobi Sun Oaks" စတင်ခြင်း
2011 ခုနှစ် "Sun Oaks Okayama"သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ခြင်း
"Sun Oaks Tsuyama"သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ခြင်း
"Tsuyama Helper Center Ryobi Sun Oaks"အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက်မှုလုပ်ငန်း စတင်ခြင်း
2012 ခုနှစ် "Okayama Care Center Ryobi Sun Oaks" မှတ်ဉာဏ်ချို့ယွင်းသူများအတွက် အထူးစောင့်ရှောက်ပေးသည့် နေ့ဝန်ဆောင်မှု စတင်ခြင်း
2013 ခုနှစ် နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်းနှင့် ကာလတိုနေထိုင်မှု သူနာပြုစောင့်ရှောက်မှုလုပ်ငန်း "Marunouchi Hills" စတင်ခြင်း
နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာ "Share House Korakuen" ကို စတင်ဖွင့်လှစ်ခြင်း
အိမ်တွင်းအခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်း "Ryobi Care Plan Center Minagata"စတင်ခြင်း
2014 ခုနှစ် "Ryobi Healthy Care Hamamachi" သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ခြင်း
ကာလတို နေထိုင်မှု သူနာပြုစောင့်ရှောက်မှု လုပ်ငန်း "Ryobi Short Stay Center Hamamachi"
"Ryobi Care Plan Center Hamamachi" အိမ်တွင်း အခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်း စတင်ခြင်း
2015 ခုနှစ် "Ryobi Healthy Care Fukudomari" နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်း စတင်ခြင်း
2016 ခုနှစ် နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်းနှင့် ကာလတိုနေထိုင်မှု သူနာပြုစောင့်ရှောက်မှုလုပ်ငန်း၊ နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာစသည့် စောင့်ရှောက်မှုလုပ်ငန်းမျိုးစုံ ဝန်ဆောင်မှုပေးရာဌာန "Ryobi Healthy Care Takamatsu" စတင်ခြင်း
"Ryobi Healthy Care Daianji Higashi Koen-mae" နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာ ဖွင့်လှစ်ခြင်း၊
2017 ခုနှစ် သူနာပြုစောင့်ရှောက်မှုပါဝင်သည့် အခပေး ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ "Ryobi Healthy Care Tamashima Kashiwajima" ဖွင့်လှစ်ခြင်း
"Sun Oaks Tsuyama Short Stay" ကာလတိုနေထိုင်မှု သူနုာပြုစောင့်ရှောက်မှုလုပ်ငန်း စတင်ခြင်း
"Ryobi Healthy Care Daianji Higashi Koenmae Day Service" နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်း စတင်ဖွင့်လှစ်ခြင်း
2019 ခုနှစ် "Ryobi Healthy Care Yanagawa" အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက်မှုလုပ်ငန်း (အိမ်တွင်းအခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်း)၊ နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာစသည့် စောင့်ရှောက်မှုလုပ်ငန်းများ ဝန်ဆောင်မှုပေးရာဌာန စတင်ခြင်း
အိမ်ခြံမြေရောင်းဝယ်ရေး လိုင်စင်ရရှိပြီး “အိမ်ခြံမြေလုပ်ငန်းဌာန” တည်ထောင်ခြင်း
2020 ခုနှစ် "Share House Korakuen Okayama Marunouchi" နေထိုင်ရန် အခပေး ဘိုးဘွားစောင့်‌ရှောက်ရေးဂေဟာ ဖွင့်လှစ်ခြင်း
2023 ခုနှစ် "Tomada Onsen Sensui Day Service" နေ့သူနာပြုစောင့်ရှောက်မှုလုပ်ငန်း ဖွင့်လှစ်ခြင်း
အိမ်တွင်းအခြေစိုက် သူနာပြုစောင့်ရှောက်မှုလုပ်ငန်း "Ryobi Healthy Care Daianji Higashi Koenmae Care Plan Center" ဖွင့်လှစ်ခြင်း
လုပ်ငန်းအကြောင်းအရာ ၁။ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း။
၂။ သူနာပြု စောင့်ရှောက်မှု အာမခံ အက်ဥပဒေကိုအခြေခံ၍ အိမ်တွင်းအခြေပြုစောင့်ရှောက်မှုလုပ်ငန်း၊ နေ့ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုတင်ကာကွယ်စောင့်ရှောက်ရေး နေ့ဝန်ဆောင်မှုလုပ်ငန်း၊ ကာလတိုနေထိုင်သူများအတွက် စောင့်ရှောက်မှုလုပ်ငန်း၊ ကာလတိုနေထိုင်သူများအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်း၊ ကြိုတင်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အိမ်တိုင်ရာ‌‌ရောက်ဝန်ဆောင်မှုလုပ်ငန်း၊ သတ်မှတ်ထားသော အဆောက်အဦများတွင် နေထိုင်သူများ၏နေထိုင်ရေး စောင့်ရှောက်မှုလုပ်ငန်း၊ သတ်မှတ်ထားသော အဆောက်အဦများတွင် နေထိုင်သူများ၏နေထိုင်ရေးဆိုင်ရာ ကြိုတင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်း
၃။ သက်ကြီးရွယ်အို လူမှုဖူလုံရေးဥပဒေကို အခြေခံ၍ တည်ထောင်ထားသော အခပေး ဘိုးဘွားစောင့်ရှောက်ရေး‌ဂေဟာလုပ်ငန်း
၄။ သူနာပြုအသုံးအဆောင်နှင့် ထောက်ပံ့ရေးပစ္စည်းများ တင်သွင်းရောင်းချခြင်း၊ ငှားရမ်းခြင်း၊
၅။ အိမ်ခြံမြေရောင်း၀ယ်ရေးလုပ်ငန်း၊ အငှားအိမ်ရာစီမံခန့်ခွဲမှု/အငှားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း
၆။ အဓိကစီးပွားရေးလုပ်ငန်းဆောင်တာများတွင် ဂျပန်ဘာသာစကားသင်ကြား‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားသားလုပ်သားများအတွက် သင်ကြားရေး၊ လေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ သတ်မှတ်ကျွမ်းကျင်နိုင်ငံခြားသားလုပ်သားများအတွက် ထောက်ပံ့ရေးပရောဂျက်များနှင့် နိုင်ငံခြားသားလုပ်သားများအတွက် အခြားထောက်ပံ့ရေးပရောဂျက်များကို စီမံခန့်ခွဲခြင်းတို့ ပါဝင်သည်။





စီမံခန့်ခွဲမှုဒဿနိကဗေဒ (စီးပွားရေးအယူအဆ)



■စီမံခန့်ခွဲမှုဒဿနိကဗေဒ (စီးပွားရေးအယူအဆ)


သစ္စာစောင့်သိမှုနှင့် သနားကြင်နာမှု
(နှလုံးသားမှပေါက်ဖွားလာသည့် စစ်မှန်သော ကရုဏာတရား)




■အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု မူဝါဒ


၁။ လူမှုတရားမျှတမှု
(လူ့အဖွဲ့အစည်းအပေါ်ထားသော ကရုဏာတရား)

၂။ ဖောက်သည်သည် ဦးစွာပထမ
(ဖောက်သည်များအပေါ်ထားသော ကရုဏာတရား)

၃။ ဝန်ထမ်းများပျော်ရွှင်မှု
(ဝန်ထမ်းများအပေါ်ထားသော ကရုဏာတရား)




သစ္စာစောင့်သိမှုနှင့် သနားကြင်နာမှုသည် Ryobi Group ၏ နှစ် ၁၀၀ ကျော်သမိုင်းတစ်လျှောက် ကျင့်သုံးလာခဲ့သည့် Ryobi Group တည်ထောင်သူ၏ အတွေးအခေါ်ဖြစ်သည်။ ၎င်းသည် နှလုံးသားမှ ပေါ်ဖွားလာသည့် စစ်မှန်သော ကရုဏာတရားကို ကိုယ်စားပြုပြီး လုပ်ငန်းခွင်ရှိ ဝန်ထမ်းများအားလုံးအတွက် လမ်းညွှန်ချက်တစ်ရပ်လည်းဖြစ်သည်။ ဤသစ္စာစောင့်သိမှုနှင့် သနားကြင်နာမှုကို လူ့အဖွဲ့အစည်း၊ ဖောက်သည်များနှင့် ဝန်ထမ်းများအတွက် ရည်ရွယ်လျက် ကျွန်ုပ်တို့အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု မူဝါဒ ဦးတည်ချက်သုံးရပ်အဖြစ် ပြဋ္ဌာန်းထားပြီး လူ့အဖွဲ့အစည်းအတွက် သနားကြင်နာမှုအဖြစ် "လူမှုတရားမျှတမှု"၊ ဖောက်သည်များအတွက် သနားကြင်နာမှုအဖြစ် "ဖောက်သည်သည် ဦးစွာပထမ" နှင့် ဝန်ထမ်းများအတွက် သနားကြင်နာမှုအဖြစ် "ဝန်ထမ်းပျော်ရွှင်မှု" တို့အပေါ် အခြေခံထားသည်။


လူမှုတရားမျှတမှု


လူမှုတရားမျှတမှုဟူသည် ဥပ‌‌‌ဒေလိုက်နာမှုထက်ပိုသော တရားမျှတမှုဖြစ်ပါသည်။ Ryobi Group ၌ ဥပဒေဖြင့် တရားဝင်ပြဋ္ဌာန်းထားခြင်းမရှိသေးသော အခြေအနေများအတွက်ပင် လူမှုတရားမျှတမှုရှိစေရေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။


ဖောက်သည်သည် ဦးစွာပထမ


"အမြတ်အစွန်း" ကို “ယုံကြည်သူများ” ဟူ၍ ရေးနိုင်သည်။ ဤအဓိပ္ပါယ်မှာ အမြတ်ရရှိခြင်းသည် ဖောက်သည်များ၏ ယုံကြည်မှုကိုရရှိထားမှ ဖြစ်သည်ဟု ဆိုလိုသည်။ ဖောက်သည်သည်သာ ပထမဟု ပြောနေသော်လည်း လက်တွေ့တွင် လိမ်လည်လှည့်ဖျား၍ ဝန်ဆောင်မှုပေးနေခြင်းမှာ အဓိပ္ပါယ်မရှိပေ။ ကုမ္ပဏီများသည် အကောင်းဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးနိုင်ရန် အမြဲသန္နိဋ္ဌာန်ချထားရမည်။


ဝန်ထမ်းပျော်ရွှင်မှု


ပျော်ရွှင်မှုညီမျှခြင်း

ဝန်ထမ်းပျော်ရွှင်မှု = ကျန်းမာရေး x စွမ်းရည် x အလုပ်လုပ်လိုစိတ် (စိတ်အားထက်သန်မှု) + အိပ်မက်များ = ပုဂ္ဂိုလ်ရေးအောင်မြင်မှု

ကျန်းမာရေး၊ စွမ်းရည် သို့မဟုတ် စိတ်အားထက်သန်မှုတို့အနက် တစ်ခုခုသည် သုညဖြစ်နေပါက ပုဂ္ဂိုလ်ရေးအောင်မြင်မှုမှာလည်း သုညဖြစ်လိမ့်မည်။ ဤညီမျှခြင်းတွင် ပျော်ရွှင်မှုသည် သင့်အား တစ်စုံတစ်ဦးက ပေးဆောင်သည့် အရာမဟုတ်။ သင်ကိုယ်တိုင်ကြိုးစားမှုဖြင့် သင်ရရှိမည့်အရာတစ်ခုဖြစ်ပြီး အိပ်မက်ဟူသည့် အနာဂတ်မျှော်လင့်ချက်ကိုပါ ထပ်ဆောင်းအားဖြည့်လိုက်ပါက သင့်ပျော်ရွှင်မှုကို ပိုမိုတိုးပွားစေမည်ဖြစ်ကြောင်း ပြသနေသော သာဓကဖြစ်သည်။