Ryobi Group တွင် ကုမ္ပဏီပေါင်း ၅၀ ခန့်ရှိပြီး ဝန်ထမ်းပေါင်း ၁၀,၀၀၀ ခန့်ရှိသည်။
အဖွဲ့၏ ပြီးပြည့်စုံသော အားသာချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ အိမ်ခြံမြေ၊ သတင်းအချက်အလက်နှင့် နေ့စဉ်ဘဝနေထိုင်မှုဆိုင်ရာ အထွေထွေဝန်ဆောင်မှုများအထိ ကဏ္ဍပေါင်းစုံကို တိုးချဲ့ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Ryobi Group သည် ဘတ်စ်ကားများ၊ ထရပ်ကားများနှင့် အငှားယာဉ်များကို ကိုင်တွယ်သည့် Kotsu Kanko Co., Ltd. ကို အစပြု၍ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိသည်။ ICT Group သည် သတင်းအချက်အလက်ဝန်ဆောင်မှုများကို လုပ်ဆောင်သည်။ Total Life Service Group သည် လက်လီလုပ်ငန်းများ၊ သူနာပြုစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို ကိုင်တွယ်သည်။ Urban Development Group သည် အိမ်ခြံမြေလုပ်ငန်းကို ကြီးကြပ်သည်။ "ရိုးသားမှုနှင့် ကရုဏာ" စိတ်ဓာတ်ကို အခြေခံ၍ ကျွန်ုပ်တို့သည် "ဘေးကင်းရေး၊ လုံခြုံရေး၊ ဂေဟစနစ်နှင့် ကျန်းမာရေး" ကို ဦးစားပေးပြီး လူမှုရေးနှင့် ဒေသဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးမည့် နည်းလမ်းများကို ရှာဖွေကြံဆနေသည့် ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်လာခဲ့သည်။ ထို့အပြင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် ကြီးမားသော ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံများ တည်ဆောက်ပြီး အရှေ့တောင်အာရှတွင် ထောက်ပံ့ပို့ဆောင်ရေး Cold Chainကို တည်ဆောက်ကာ အရှေ့တောင်အာရှဒေသတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
						
							
							
သယ်ယူပို့ဆောင်ရေးခရီးသွားလုပ်ငန်းအဖွဲ့
							ဘတ်စ်ကား၊ ထရပ်ကား၊ တက္ကစီ၊ မီးရထားနှင့် သင်္ဘောစသည့် ပို့ဆောင်ရေးလုပ်ငန်းများအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှတစ်ဆင့် မတူကွဲပြားသော အခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးဖြင့်အပန်းပြေဖွယ် ခရီးသွား အတွေ့အကြုံကောင်းများ ရရှိရေး ပံ့ပိုးပေးလျက်ရှိပါသည်။
						 
						
							
							
အိုင်စီတီအဖွဲ့
							ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး၊ အစိုးရ၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ ပညာရေး၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အမျိုးမျိုးသော သတင်းအချက်အလက် ဝန်ဆောင်မှုများကို ပံ့ပိုးပေးကာ နည်းပညာသစ်များမှတဆင့် မျိုးဆက်သစ်များ မွေးထုတ်ပေနိုင်ရေးတို့တွင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
						 
 
						
							
							
လူမှုနေထိုင်မှုဘဝဝန်ဆောင်မှုအဖွဲ့
							ကျွန်ုပ်တို့သည် စူပါမားကက်များ၊ လောင်စာဆီရောင်းချမှုများ၊ အမြန်လမ်းဝန်ဆောင်မှုများ၊ စားသောက်ဆိုင်များ၊ သူနာပြုစောင့်ရှောက်မှုလုပ်ငန်းများ စသည့်ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် နေ့စဉ်နေထိုင်မှုဘ၀ကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရေး ထောက်ပံ့ပေးလျက်ရှိပါသည်။
						 
						
							
							
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
							ကွန်ဒို နှင့် တိုက်ခန်းများကဲ့သို့သော အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတို့ကို ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်သစ်မြို့ပြ ဖန်တီးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
						 
 
					
	
		
		Wakayama လျှပ်စစ်မီးရထား Kishigawa လိုင်း / Tama ရထား
	
 
	
		
		"Okaden Chuggington" သည် Anime တွင် ပါသည့် ရထားကို တကယ့်လူစီးရထားအဖြစ် ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။
	
 
	
		
		Gozabune Atakamaru ("Kobe" ဆိပ်ကမ်း အပျော်စီးသင်္ဘော)
	
 	
 
	
		
		Yumeji ဒေသအနုပညာပြတိုက်
	
 
	
		
		"Mori no Machi Grace" (အိုကယာမတာဝါ/ရုံးများစုစည်းထားသောနေရာ)
	
 
	
		
		Okayama Soja IC ဖြန့်ဝေရေးစင်တာ
	
 	
	
		
		Okayama လေဆိပ် မြေပြင်ပြေးဆွဲရေးဆိုင်ရာလုပ်ငန်းများ